Thursday, September 6, 2007

ငိမ်းချမ်းစွာ ဆန္ဒပြသူတို့အပေါ် အကြမ်းဖက်မှုကို ပခုက�ူ သံဃာတို့ လက်တုန့်ပြန်

ငိမ်းချမ်းစွာ ဆန္ဒပြသူတို့အပေါ် အကြမ်းဖက်မှုကို ပခုက�ူ သံဃာတို့ လက်တုန့်ပြန်
မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၆ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာနိုင်ငံ အနှံ့တွင် ဖြစ်ပွားလျှက်ရှိသော ကုန်ဈေးနှူန်း ကျဆင်းရေး ပြည်သူလူထု၏ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြမှုကို စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းနှင့် စွမ်းအားရှင် အဖွဲ့တို့က အကြမ်းဖက် ဖြိုခွဲမှုများ ရက်သတ္တ (၂)ပတ်ကျော်ကြာ ဆက်တိုက် ပြုလုပ်ခဲ့အပြီး လက်တုန့် ပြန်သည့် အရေးအခင်း တခုကို ပခုက�ူ သံဃာတော်များက ယနေ့ ပြုလုပ်ခဲ့သည်။

ဒေါသထွက်နေကြသော သံဃာတော်များက ဆန္ဒပြပွဲ ဆက်လက် မပြုလုပ်ရေး တားမြစ်ရန် ရောက်ရှိလာသည့် အာဏာပိုင်အဖွဲ့ ကို ပခုက�ူမြို့ရှိ စာသင်တိုက် တခုအတွင်း တနေ့ခင်းလုံး ထိန်းသိမ်း ထားခဲ့ပြီး ကား (၄)စီးကို ကျောင်းတိုက် ရှေ့တွင် မီးတင် ရှို့လိုက်ကြသည်ဟု ဒေသခံများက မဇ္ဈိမ သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောသည်။

ယမန်နေ့က ဖမ်းဆီးသွားသည့် သံဃာ သုံးပါးကို အာဏာပိုင်တို့က ပြန်လွှတ် ပေးခဲ့ပြီး နောက်၊ စာသင်တိုက်ရှိ သိမ်ကျောင်းအတွင်း ထိန်းသိမ်းထားသူများကို ယနေ့ ညနေ နှောင်းပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

သာသနာရေး ၀န်ကြီးဌာန၊ ခရိုင်နှင့်မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက� ဌများ အပါအ၀င် (၁၃) ဦး အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ပခုက�ူမြို့ရှိ စာသင်တိုက်များသို့ လှည့်လည်၍ သတိပေးမှုများ ပြုလုပ်စဉ် အလယ်ကျောင်း စာသင်တိုက်သို့ အရောက်တွင် အခင်း ဖြစ်ပွားကြောင်း သိရသည်၊

ထောင်နှင့်ချီသော ပြည်သူလူထုကြီးကလည်း အလယ်စာသင်တိုက် ပါတ်ဝန်းကျင်တွင် စုဝေးခဲ့ကြပြီး အခြေအနေကို စောင့်ကြည့် အကဲခတ် နေခဲ့ကြသည်ဟု မျက်မြင် သက်သေ များက ပြောသည်။

ပခုက�ူ စာသင်တိုက်များမှ စာသင်သား သံဃာတော် အပါးလေးရာခန့်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ ပြည်သူများ ဒုက္ခဆင်းရဲမှ ကင်းဝေးစေရေး မေတ္တာပို့ လှည့်လည်ကြွချည် ကြစဉ် စစ်တပ်၊ ကြံ့ဖွံ့ နှင့် စွမ်းအားရှင် အဖွဲ့ဝင်တို့က အကြမ်းဖက်၍ သံဃာတော်များအား ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြပြီး နောက်ဆုံး သေနတ် မိုးပေါ်ထောင် ဖေါက်၍ လူစုခွဲခဲ့ ကြသည်။

သံဃာအချို့ ကိုဖမ်းဆီးသွားပြီး အကြမ်းဖက် ဖြိုခွဲစဉ် သံဃာတော် အများအပြား ဒဏ်ရာ ရရှိသွားကာ အချို့မှာ ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံ တင်ထားရသည်ဟု သတင်းများက ဆိုသည်။

ပခုက�ူ စာသင်တိုက် တတိုက်မှ ဦးပဉ္စင်းတပါးက " တကာကြီး မနေ့က ကိစ္စမှာ သံဃာတော်တွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြို့ပတ်ပြီးတော့ မေတ္တာပို့ ပရိတ်ရွတ်တာပဲ။ သံဃာတွေက ဆန္ဒပြတဲ့ အနေနဲ့လဲ မဟုတ်ဘူး၊ တကာကြီးတို့လဲ လက်တွေ့ ခံစားနေရတဲ့ စကားကို ပြည်သူတွေ မပြောရဲလို့ ဒါသံဃာတွေက ပြည်သူတွေ ကိုယ်စား ပြောပေးတဲ့ ပုံသဏ္ဌန်လေးပါ" ဟု မိန့်ကြားသည်။

၎င်းက ဆက်လက်၍ "ဒို့အရေး ဘာအရေး ဒီလိုအော်တာ မဟုတ်ပါဘူး။ အဲဒါကို အကြမ်းဖက်ပြီးတော့ ဖမ်းတယ်၊ ရိုက်တယ် သံဃာတော်တွေကို ခင်ဗျား စဉ်းစား ကြည့်ဗျာ။ ပြီးတော့ ဘုန်းကြီးတပါးကို ဓါတ်တိုင်မှာ ချည်ပြီးတော့ ချည်တာလဲ ရိုးရိုးချည်တာ မဟုတ်ဘူး လည်ပင်းတွေကော အကုန်လုံးကိုပဲ ခွေးချည် နွားချည် ချည်ပြီးတော့ ပါးရိုက်တယ်၊ သေနတ်ဒင်နဲ့ ထိုးတယ် ခင်ဗျား စဉ်းစားကြည့်ဗျာ" ဟုပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ဆေးရုံ တင်ထားရသော သံဃာတော် ပျံလွန်တော်မူသွားပြီ ဆိုသည့် သတင်း ထွက်ပေါ်လာအပြီး အခြေအနေ ပိုမို တင်းမာလာခဲ့ကြောင်း သိရသည်။ အဆိုပါ သံဃာတော် ပြန်လွန်သည် ဆိုသည့်သတင်းကို ပခုက�ူ မြို့နေလူထုက ပြောဆိုနေသော်လဲ မဇ္ဈိမမှ ပခုက�ူ ဆေးရုံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။